Main menu

ရေဦးမြို့မ စည်ပင်သာယာဈေးအတွင်းရှိ လက္ကားဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်မွေးကုဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မစည်ပင်သာယာဈေး စားသုံးသူရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော စုစုပေါင်း အင်အား(၁၃)ဦးပါ ပူးပေါင်းအဖွဲ့ဖြင့် ရေဦးမြို့မ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် လက္ကားကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဆိုင်ပိုင်ရှင်များအနေဖြင့် ယင်းတို့၏ ကုန်ပစ္စည်းများအား ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ရောင်းချကြရန် မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သောစာစောင်များအား ဆိုင်ရှင်များထံသို့ ဖြန့်ဝေပညာပေး ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန