
စားသောက်ကုန်၊ လူသုံးကုန်၊ စက်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဈေးဆိုင်များတွင် တရားမဝင်ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများရှိ/မရှိ စစ်ဆေးဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ယာဉ်ထိန်းတပ်ဖွဲ့တို့ပါဝင်သော ရွှေဘိုခရိုင် Mobile Team အဖွဲ့ကိုဖွဲ့စည်းထားရှိရာ အဆိုပါအဖွဲ့ဖြင့် (2၅.၅.၂၀၂၆)ရက်နေ့၊ နံနက် (09:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ရွှေလင်းအိမ်စတိုးဆိုင်၊ ဝေဝေထွန်းကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်၊ ရတနာဇော်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ မွတ္တားဆေးနှင့်ဆေးပစ္စည်း ရောင်းဝယ်ရေးဆိုင်နှင့် ခင်လေးနွယ် ကုန်မျိုးစုံးရောင်းဝယ်ရေးဆိုင်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တရားမဝင်ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများ ဆောင်ရွက်ခြင်းမပြုရန် အသိပညာပေးခြင်းနှင့် ရောင်းချသည့်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ SME Member Card ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်များရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာဌာန၏ လုပ်ငန်းလိုင်စင်များမရှိပါက ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
