
စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၆ ခုနှစ်၊ မေလအတွင်း လုပ်ငန်းရှင် ၁၇ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၁၅ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၆၄ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၉၉ ခုကို ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ မေလအတွင်း လယ်ယာထွက်ကုန် ပို့ကုန်များအား တရုတ်နိုင်ငံနှင့် ဂျပန် နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ ကောက်ညှင်းဆန်၊ ပြုတ်ဆန်ကွဲ၊ ကောက်ညှင်း ဆန်ကွဲ၊ ပဲယင်းနီ၊ ပဲယင်း၊ ပဲလွန်း၊ ပဲထောပတ်၊ ပဲစဉ်းငုံဖြူ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်ပဲ၊ ပဲလွန်း အခွံချွတ်ခွဲခြမ်း၊ မတ်ပဲအခွံချွတ်ခွဲခြမ်း တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံ ဓာတုနှင့် ရူပအရည်အသွေးစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၆၂ ခု၊ မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၈ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၂ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်းမှ ၁၁ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၆ ခု စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၉၉ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။
