Main menu

ပင်းတယမြို့ပေါ်ရှိ စားသောက်ဆိုင်များအား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှုရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ၂၀၂၆ ခုနှစ်၊ မေ လ (၁၉)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးဆောင်၍မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနတို့ပူးပေါင်းကာ ပင်းတယမြို့၊ ရွာသစ်ရပ်ကွက်ရှိ ညောင်ရွှေစားသောက်ဆိုင်နှင့် ရွာငယ်ရပ်ကွက်ရှိ လားရှိုးစားသောက်ဆိုင်တို့အား စားသုံးသူများ အနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှု ရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ ပါသည်။

          ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်များ ချက်ပြုတ်ရာတွင် သက်ဆိုင်သည့် အထောက် အကူပြုပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများအား သန့်ရှင်းသပ်ရပ်စွာထားရန်၊ ချက်ပြုတ်သည့် စားဖိုမှူးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ စားသောက်ဆိုင်၏ မီနူးတွင် ဈေးနှုန်းများ ဖော်ပြထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။       

 DOCA(ရှမ်း)