Main menu

စားအုန်းဆီတင်သွင်းမှုများပြားခြင်းကြောင့် ၂၀၂၅-၂၀၂၆ ပထမနှစ်ဝက်တွင် အိန္ဒိယ၏ ဟင်းသီး ဟင်းရွက်ဆီ တင်သွင်းမှု ၁၃ % မြင့်တက်

Powered by Drupal

   စားအုန်းဆီတင်သွင်းမှုသိသာစွာမြင့်တက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပထမ (၆) လတွင် အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် တန်ချိန် ၇.၉၄ သန်း (၁၃ ရာခိုင်နှုန်း) မြင့်တက် လျက်ရှိကြောင်း Solvent Extractors Association of India (SEA) က ဗုဒ္ဓဟူးနေ့က‌ ပြောကြား ထားပါသည်။

    ပြီးခဲ့သည့် အစောပိုင်းနှစ်ကာလတူတွင် ကမ္ဘာတစ်ဝန်းစားသုံးဆီတင်သွင်းမှု တန်ချိန် ၇.၀၄ သန်းရှိခဲ့ကြောင်း အိန္ဒိယ၏ဆီထွက်သီးနှံရာသီသည် နိုဝင်ဘာလ မှ အောက်တိုဘာလအထိ ဖြစ် ကြောင်း သိရသည်။

   တင်သွင်းမှုတန်ဖိုးသည် ပြီးခဲ့သည့်နှစ်က ရူပီ ၇၃,၀၀၀ သန်း ရှိခဲ့ရာမှ နိုဝင်ဘာလမှ ဧပြီလ အတွင်း ရူပီ ၈၇,၀၀၀ (၁၉ ရာခိုင်နှုန်း) သို့မြင့်တက်ခဲ့ကြောင်း သိရသည်။ တင်ပို့မှု စုစုပေါင်း အနေ ဖြင့် ဟင်းချက်ဆီတန်ချိန် ၇.၈၂ သန်း နှင့် စားသုံးရန် မဟုတ်သည့်ဆီတန်ချိန် ၁၂၁,၀၀၀ ကို တင်သွင်းထားကြောင်း SEA ကဖော်ပြထားပါသည်။

   စားအုန်းဆီတင်သွင်းမှုသည် ပြီးခဲ့သည့်အစောပိုင်းနှစ်က တန်ချိန် ၂.၇၄ သန်း မှ တန်ချိန် ၃.၉၇ သန်း အထိ နှစ်ဆနီးပါး မြင့်တက်ခဲ့သော်လည်း ပဲပိစပ်နှင့် နေကြာဆီတင်သွင်းမှုသည် တန်ချန် ၄.၁၃ သန်းမှ တန်ချိန် ၃.၈၅ သန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိပါသည်။

    အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် အိန္ဒိယသို့ စားအုန်းဆီအဓိက တင်ပို့သည့် နိုင်ငံများ ဖြစ်ကြောင်း၊ အာဂျင်တီးနားသည် ပဲပိစပ်ဆီတင်ပို့မှုအများဆုံးဖြစ်ပြီး ဘရာဇီးသည် ဒုတိယ အများဆုံးတင်ပို့သူဖြစ်ကြောင်း၊ ရုရှားနှင့် ယူကရိန်းတို့သည် နေကြာဆီ အဓိကတင်ပို့သည့် နိုင်ငံ များဖြစ်ကြောင်း သိရှိပါသည်။

    ၂၀၂၅ ခုနှစ် ဧပြီလတွင် စားအုန်းဆီဈေးနှုန်း ၁၄-၁၅ ရာခိုင်နှုန်း မြင့်တက် လာမှုနှင့်အတူ ဟင်းချက်ဆီဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်တွင်သိသာစွာမြင့်တက်ခဲ့ကြောင်း၊ ယင်းနှစ်ကာလတူ မှ ပဲပိစပ်ဆီနှင့် နေကြာဆီဈေးနှုန်းတို့သည်လည်း ၁၇ ရာခိုင်နှုန်း နှင့် ၂၂ ရာခိုင်နှုန်းအကြား မြင့် တက်ခဲ့ကြောင်းသိရှိပါသည်။

    ပထမနှစ်ဝက်ကာလတွင် အိန္ဒိယသို့ နီပေါနိုင်ငံ၏ သန့်စင်ပြီးဆီများတင်ပို့မှုသည် တန်ချိန် ၂၁၇,၀၀၀ နီးပါးရှိခဲ့ရာ သန့်စင်ပြီး ပဲပိစပ်ဆီ၊ နေကြာဆီ၊ စားအုန်းဆီနှင့် မုန်ညှင်းဆီတို့ အဓိက ပါဝင်ကြောင်း  သိရှိပါသည်။

    စုစုပေါင်းဟင်းသီးဟင်းရွက်ဆီသိုလှောင်ထားရှိမှုသည် ၂၀၂၅ ခုနှစ် မေလတွင် တန်ချိန် ၁.၃၅ သန်းမှ ၂၀၂၆ ခုနှစ် မေလတွင် တန်ချိန် ၂.၁၂ သန်းအထိ တိုးမြင့်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ မှစ၍ ပိုက်လိုင်းအတွင်း သိုလှောင်ထားရှိမှု စဉ်ဆက်မပြတ်များပြားလျက်ရှိရာ ဆီထွက်သီးနှံရာသီ ဒုတိယနှစ်ဝက်အထိ တင်သွင်းမှုဆက်လက် မြင့်တက်နေမည်ဖြစ်ကြောင်း သိရှိပါသည်။

Source: The Business Standard, 13 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)