Main menu

“ကျောက်ဆည်မြို့နယ်၊ လက်ပန်ပင်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

Powered by Drupal

                   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်း နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်: လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ မေလ(၁၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ လက်ပန်ပင် ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ‌ ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး) ကတက်ရောက်လာသည့် ကျေးရွာသူ / ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးလွင်မှ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက် တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား ၊ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသူများအား စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)