Main menu

ဟာလာလ်ထုတ်ကုန်အာမခံခြင်းတွင် ပူးပေါင်းဆောင်ရွက်မည့် အင်ဒိုနီးရှားနှင့် ယီမင်

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံ၏ Halal Product Assurance Agency (BPJPH) သည် ဟာလာလ် ထုတ်ကုန်အာမခံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ယီမင်နိုင်ငံနှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများအတွက် ဥပဒေရေးရာအာမခံမှု ပိုမိုပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ BPJPH အကြီးအကဲ Ahmad Haikal Hasan က မေလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ နှစ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားသို့ ဝင်ရောက်လာမည့် ယီမင်ထုတ်ကုန်များ၏ မှတ်ပုံတင်စနစ်များကို အထူးအလေးထား ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Hasan က ထိုတွေ့ဆုံမှုသည် အင်ဒိုနီးရှားနဲ့ ယီမင်ကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေပြီး တာဝန်ခံမှုရှိသည့် ဟာလာလ်ထုတ်ကုန် မှတ်ပုံတင်ခြင်းနှင့် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်များမှ တစ်ဆင့် စားသုံးသူများကို ဥပဒေအရ ကာကွယ်ပေးနိုင်ခြင်းကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းနှင့် ၎င်းပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၄ ခုနှစ် ဥပဒေအမှတ် ၃၃ (Halal Product Assurance Law) နှင့် ကိုက်ညီကြောင်းလည်း ထောက်ပြခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံအတွင်း ရောင်းချနေသော ထုတ်ကုန်အားလုံးသည် ဟာလာလ်အသိအမှတ်ပြုလက်မှတ် ရရှိထားရမည်ဟု သတ်မှတ်ထား ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် အစိုးရအမိန့် အမှတ် ၄၂ အရ နိုင်ငံခြားမှ ဝင်ရောက်လာသော ထုတ်ကုန်များသည် BPJPH မှတစ်ဆင့် လက်မှတ်မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း သိရပါသည်။ Hasan ၏ ပြောကြားချက်အရ ၎င်းလုပ်ငန်းစဉ်သည် ကုန်ကြမ်းမှစ၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ဖြန့်ချိမှုအဆင့်အထိ ဟာလာလ်စံချိန်စံညွှန်းများကို ပြည့်စုံစွာလိုက်နာမှုရှိစေရန် အာမခံပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ Hasan က ထိုပူးပေါင်းဆောင်ရွက်မှုသည် အင်ဒိုနီးရှားနှင့် ယီမင်ကြားဆက်ဆံရေးကိုပိုမိုခိုင်မာစေပြီး လက်ရှိကုန်သွယ်ရေး လိုအပ်ချက်များကိုသာမကဘဲ အနာဂတ်တွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ခိုင်မာသော ဥပဒေဘောင်နှင့် နှစ်နိုင်ငံအကြား ရည်မှန်းချက်တူညီမှုတို့ကြောင့် ဆက်ဆံရေးသည် ရေရှည်တည်တံ့စွာတိုးတက်မည်ဖြစ်ကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူလူထုအတွက် အကျိုးရှိစေမည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ဟာလာလ်စနစ်ကို စံချိန်စံညွှန်းတူညီမှုဖြင့် ခိုင်မာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လက်တွေ့ဆောင်ရွက်ချက်အဖြစ် အင်ဒိုနီးရှားနိုင်ငံသည် ယီမင်ထုတ်ကုန်များအတွက် ဟာလာလ်အသိအမှတ်ပြုလက်မှတ် မှတ်ပုံတင်ခြင်းကိုစတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ ၎င်းမဟာဗျူဟာဆောင်ရွက်ချက်သည် ပြည်တွင်းစားသုံးသူများကို ကာကွယ်ပေးရန်နှင့် နိုင်ငံတကာကုန်သွယ်ရေးကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)