Main menu

ပြည်မြို့ရဲ့ရာသီစာနှင်းသီးအကြောင်း

Powered by Drupal

                   နှင်းသီးဟုဆိုသော်လည်း ဆောင်းရာသီတွင် အသီးသီးခြင်းမဟုတ်ဘဲ နွေရာသီနှင့် မိုးဦးကျချိန်တို့ တွင် သီးလေ့ရှိသော ရာသီစာသီးနှံတစ်မျိုးဖြစ်ပါသည်။ အသီးပုံသဏ္ဍာမှာ ခေါင်းလောင်းပုံသဏ္ဍာန် အနီရောင်အသီးကို နှင်းသီးဟုခေါ်ကြပါသည်။ နှင်းသီးသည် ချိုမြမြအရသာရှိ၍ အရည်ရွှမ်းသဖြင့် ရေငတ်လည်းပြေစေပြီး ဈေးနှုန်းသက်သာသောကြောင့် စားသုံးသူများက ရာသီပေါ်နှင်းသီးကို သရေစာ သစ်သီးအဖြစ် စားသုံးကြပါသည်။ နှင်းသီးသည် မြေအမျိုးအစားကိုလိုက်၍ အရွယ်အစားနှင့် အရသာမှာ လည်းကွာခြားမှုရှိပါသည်။ ပြည်မြို့နှင့်အနီးတဝှိက်ရှိကျေးရွာများမှ နှင်းသီးကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး ကြပြီး ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် လှိုင်လှိုင်ရောင်းချနေပြီဖြစ်ပါသည်။ နှင်းသီးသည် ကယ်လိုရီနည်းပါးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝခြင်း၊ ဗီတာမင်စီ ဓာတ်များ ကြွယ်ဝစွာပါရှိခြင်းတို့ကြောင့် ကျန်းမာရေးကို လွန်စွာအထောက်အကူပြုပေးနိုင်သည်။ တစ်နေ့ နှင်းသီးငါးလုံးစားပေးခြင်းဖြင့် အရွယ်ရောက်ပြီးသူ လူတစ်ယောက် တစ်နေ့တာ ကယ်လ်စီယမ် လိုအပ်ချက်ပမာဏကို   အပြည့်အဝရရှိနိုင်ကြောင်း သိရှိရပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသော သစ်သီး ဖြစ်၍ အရွယ်သုံးပါးမရွေး စားသုံးနိုင်ပါသည်။ နှင်းသီးသည် အရသာလည်းရှိပြီး ဈေးနှုန်းချိုသာသလို ကျန်းမာရေးအတွက် ဆေးဖက်ဝင်သော အသီးဖြစ်၍ စားသုံးသူများပြားကြောင်း သိရှိရပါသည်။ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် နှင်းသီးအချောတစ်လုံးလျှင် ကျပ် (၅၀၀)၊ အလတ် တစ်လုံးလျှင် ကျပ် (၃၀၀)၊ အသေးတစ်လုံးလျှင် ကျပ် (၂၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ ပါသည်။

DOCA( ပဲခူး)