Main menu

ချင်းပြည်နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ (Talk Show) ကျင်းပ

Powered by Drupal

ချင်းပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(လ/ထညွှန်မှူး)နှင့် ဒေါ် ချောချောမူ(ဦးစီးမှူး)တို့သည် ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်တွင် ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြည်နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်(၃)ရပ်ကို ဦးစွာအကျယ်တဝင့်ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာ ဆောင်ပုဒ်မှာ “စားသုံးသူအခွင့်အရေးဦးစားပေး”ဖြစ်ကြောင်း၊၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း(၂၅)နှင့် ပုဒ်မ(၈၄)ခုပါရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁)၊ပုဒ်မ(၂)မှ အမည်နှင့် အဓိပ္ပာယ်ဖွင့် ဆိုချက်များ ၊ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပာယ်ကို ရှင်းလင်ဆွေးနွေးခြင်း၊ အခန်း(၉)မှ စားသုံးသူ ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ချင်း)