
မြင်းခြံခရိုင် စက်သုံးဆီစစ်ဆေးရေးလုပ်ငန်းအဖွဲ့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးသည် ၈.၄.၂၀၂၆ ရက်နေ့၊ နံနက် ၀၇:၀၀ နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီကားရောက်ရှိမှုအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီမှ ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီများခြိုးခြံ ချွေတာသုံးစွဲစေရေးနှင့် ဖူလုံမှုရှိစေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်း ချရန်စေရေး၊ စက်သုံးဆီဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် တည်ဆဲဥပဒေများ၊ အချိန်အခါ အလိုက်ထုတ်ပြန်သော ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များအား အထူးအလေးထားလိုက်နာဆောင်ရွက်စေရေး၊ သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများအပေါ်အခြေခံ၍ ဖြစ်သင့်ဖြစ် ထိုက်သော နှုန်းထားများဖြင့်သာမှန်ကန်စွာရောင်းချမှုရှိစေရေး၊ သက်ဆိုင်ရာဌာနများသို့ ပေးပို့သော ဈေးနှုန်းများနှင့်မြေပြင်တွင် ရောင်းချနေသောဈေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ ဆီကားရောက်ရှိမှုအခြေ အနေများအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း စဉ်ဆက်မပြတ် မြေပြင်ကွင်းဆင်းကြီးကြပ်ထိန်းကျောင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ DOCA(မန္တလေး)
