
ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက်ရှိ ရွှေပုပ္ပား၊ နန်းဝေအောင် အမှတ်တံဆိပ် အာလူး ကြော်လုပ်ငန်းခွင်များသို့ ၂၀၂၆ ခုနှစ် ဧပြီလ (၇)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေး အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်း များဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိရာ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရေး၊ ကုန်ကြမ်းပစ္စည်းများ အရည်အသွေးကောင်းမွန်မှု ရှိရန်နှင့် ဥပဒေပါပြဌာန်းချက်များ၊ စည်းကမ်းချက်များနှင့်အညီ သန့်ရှင်းသပ်ရပ် စွာဖြင့်ထုတ်လုပ်ပြီး စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား လိုက်နာဆောင်ရွက်ရန်မှုရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Doca(မန္တလေး)
