Main menu

မကွေးမြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်း ကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက် အရ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်တာဝန်ခံ ဦးဆောင်၍ စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ (၂.၄.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မကွေးမြို့ပေါ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချနေသည့် လက်လီ/ လက်ကား ကိုယ်စားလှယ်များ၏ ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များမှ မိမိတို့ ရရှိသည့် ဆီခွဲတမ်းအလိုက် စားသုံးသူပြည်သူများ လက်ဝယ်သို့ သတ်မှတ်ပမာဏ၊ သတ်မှတ်အရေ အတွက်အတိုင်း ရည်ညွှန်းစျေးနှုန်းဖြင့် မှန်မှန်ကန်ကန်ဖြန့်ဖြူးရောင်းချနေမှုရှိ/မရှိ၊ ဆီအရောင်းဆိုင်များ တွင် ရောင်းချရမည့် စျေးနှုန်းများ၊ ရက်စွဲများအား ရေးသားထားသည့် ဗီနိုင်းအား သိသာထင်ရှားစွာ ချိတ်ဆွဲထားရန်၊ စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များမှ ထုတ်ယူရမည့် ဆီခွဲတမ်းအလိုက် အမှန်တကယ် ထုတ်ယူရရှိမှု ရှိ/မရှိတို့အား  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စားအုန်းဆီဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားလည်း လက်ကား/လက်လီစာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ စျေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်နှင့် အရည်အသွေးမှန် စသည့် မှန်(၆)မှန်အတိုင်း လိုက်နာ ဆောင်ရွက်သွားရန်နှင့် အပတ်စဉ်ထုတ်ယူရရှိသည့် စားအုန်းဆီများအား သတ်မှတ်ပမာဏ၊ သတ်မှတ် အရေအတွက်အတိုင်း မှန်မှန်ကန်ကန် ဖြန့်ဖြူးရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)