
အပူပိုင်းဒေသဖြစ်သော မြင်းခြံခရိုင်အတွင်းရှိ တောင်သာမြို့နယ်သည် စပါးမျိုးကောင်း မျိုးသန့် စိုက်ပျိုးဖြစ်ထွန်းမှု နည်းသောကြောင့် မနောသုခစပါးမျိုးကို ဒေသတွင်း စားသုံးရန် အတွက်သာ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးသော ကျေးရွာများမှာ ဆင်တဲဝကျေးရွာ၊ အိုင်သာကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာနှင့် ခါတက်ကုန်းကျေးရွာတို့တွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထား ကြောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ်၊ အဆိုပါကျေးရွာတို့၌ နွေစပါးစိုက်ဧက(၆၀) ဧကခန့် စိုက်ပျိုးထား ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၈၀)တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် နွေစပါးစိုက်ပျိုး ထွက်ပေါ်ချိန်တွင် စပါးတစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများ ရှိခဲ့ကြောင်း၊ စပါးစိုက်ပျိုးမှုနည်းသောကြောင့် စပါးအရောင်းအဝယ်အနေဖြင့် ဈေးကွက်မရှိကြောင်း၊ စပါးအစိုဓါတ်ကို ၁၃%၊ ၁၄% တွင်မျက်မြင် ခန့်မှန်းဖြင့်ဆုံးဖြတ်ကြကြောင်း၊ ရိတ်သိမ်းထွက်ရှိသော စပါးများကို ကျေးရွာရှိ ဆန်စက်များတွင် ကြိတ်ခွဲပြီးထွက်ရှိသော ဆန်သားများကိုသာ ကျေးရွာအတွင်းစားသုံးရန် အရောင်းအဝယ် ပြုလုပ်ကြ ကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လ၌ မနောသုခမိုး တစ်တင်းခွဲတစ်အိတ်လျှင် ဒေသတွင်းပေါက်ဈေး (၈၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ နွေစပါးများကို မတ်လ၊ ဧပြီလနှင့် မေလတွင်တို့တွင် စတင်စိုက်ပျိုးပြီး ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်မည်ဖြစ်ပေါ်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးထားသောနွေစပါးများမှာ စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းကောင်းမျိုး မနောသုခ မျိုးများကို စိုက်ပျိုးထားကြောင်း၊ ရာသီဥတု၊ အပင်ပြုစုမှု၊ သွင်းအားစုနှင့် အချိန်မှန် ရေသွင်းနိုင်ပါက နွေစပါးများအထွက်နှုန်း ကောင်းနိုင်ကြောင်း၊ ကျောက်တစ်လုံးကျေးရွာမှ စပါးစိုက် တောင်သူ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
