Main menu

ပဲဇီးကွက်စိုက်တောင်သူများ ဈေးကောင်းရ၍အကျိုးအမြတ်ရရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်ရာ ဒေသများတွင် မြစ်ရေကျချိန်၌ ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲဇီးကွက်၊ ပဲနိပြား စသည့်အခြားပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြပါသည်။ ချင်းတွင်းမြစ်၏ အနောက် ဘက်ကမ်းကျေးရွာများဖြစ်သည့် ညောင်တော၊ ရှစ်အိမ်တန်း၊ ကျွန်းဘိုပင်၊ ဇီးကျွန်း၊ ကူတုတ်နှင့် အောင်ချမ်းသာကျေးရွာများတွင် ပဲဇီးကွက်များကို အများအပြားစိုက်ပျိုးကြပါသည်။ဇီးကျွန်း ကျေးရွာ နေ ပဲဇီးကွက်စိုက်တောင်သူတစ်ဦးက ချင်းတွင်းမြစ်ရေကျချိန် အောက်တိုဘာ၊ နိုဝင်ဘာ လများတွင် ပဲဇီးကွက်များကို စတင်စိုက်ပျိုးကြပါသည်။ မိမိအနေဖြင့်ယခင်နှစ်က () ဧကခန့် စိုက်ပျိုးခဲ့ကြောင်း၊ ပဲဇီးကွက်သီးနှံ () ဧက စိုက်ပျိုးကုန်ကျမှုစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်း ခြင်းများ အတွက် ကျပ်(၈၀၀၀၀၀)ခန့် ယခင်နှစ်က ကုန်ကျခဲ့ကြောင်း၊အထွက်အနေဖြင့်(၁၉) တင်း ခန့် ထွက်ရှိခဲ့ကြောင်း၊ () တင်းလျှင် ကျပ်(၈၁၀၀၀)ဈေးနှုန်းဖြင့် ရောင်းချခဲ့ရသည့်အတွက် အကျိုးအမြတ် အနေဖြင့် ကျပ်(၇၀၀၀၀၀)ခန့်ရရှိခဲ့ပါသည်။ 

    ယခုနှစ်တွင် ဇီးကျွန်းကျေးရွာအုပ်စုတစ်ခုလုံးတွင် (၅၀)ဧကခန့် စိုက်ပျိုးကြကြောင်း၊ မိမိအနေ ဖြင့် ()ဧက စိုက်ပျိုးခဲ့ရာ  ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုမရှိခြင်းတို့ ကြောင့် (၆၅) တင်း ရရှိခဲ့သည့်အတွက် ()ဧက လျှင် (၂၂) တင်းခန့် ထွက်ရှိခဲ့ပါသည်။ ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများမှာ ဈေးနှုန်းများကြီးမြင့်သောကြောင့် () ဧက ကုန်ကျစရိတ် ကျပ်(၁၂၀၀၀၀၀)ခန့် ကုန်ကျခဲ့ကြောင်း၊ ()တင်းလျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ရောင်း ချခဲ့ရသည့်အတွက် ()ဧက အကျိုးအမြတ်အနေဖြင့် ကျပ်(၁၄၀၀၀၀၀)ခန့်ရရှိခဲ့ပြီး မိမိအနေဖြင့် ()ဧက စိုက်ပျိုးခဲ့သည့်အတွက် ကျပ်(၄၀၀၀၀၀၀)ခန့် ရရှိခဲ့ပါသည်။  ကျွန်တော်တို့ တစ်ရွာလုံး ပဲဇီးကွက် စိုက်တောင်သူများ အထွက်နှုန်းကောင်း၊ ဈေးနှုန်းကောင်းရရှိသဖြင့် အကျိုးအမြတ် ခံစားခဲ့ရကြောင်း   ပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)