
စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်း သည် ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၃.၃.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိ ပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်စီစီမိုး က စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌါန်းထားသော ကုန်အညွှန်း အမှတ်အသား အကြောင်းကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာနမှ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများ ဦးဆောင်၍ ဈေးကွက်တွင် ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ မိမိတို့ထုတ်လုပ်သော ကုန်စည်တွင် ဖော်ပြရမည့် သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံရန် ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ကုန်စည်များကို ဘေးကင်းလုံခြုံအောင်ဆောင်ရွက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန် အဓိကလုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ဈေး၊ ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိ ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု၂၀၂၆ ခုနှစ်၊ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့”၏ ဆောင်ပုဒ်ဖြစ်သော “ ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည် စိတ်ချစားသုံးသူဘဝ” နှင့်အညီ အရည်အသွေးပြည့်ဝသော ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို အားပေးဆောင်ရွက်လျက်ရှိကြောင်း Talk Show တွင် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
