
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ MSMEs ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစားပမ်းစား ဆောင်ရွက်လျက် ရှိရာ ၁၈.၃.၂၀၂၆ ရက်နေ့၌ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် ဌာနခွဲ စာရေး ဒေါ်ကြည်ကြည်ထွန်းတို့သည် ညောင်လေးပင်မြို့ပေါ်ရှိ အစားအသောက် ရောင်းချသော ဆိုင်များအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် ဌာနခွဲစာရေး ဒေါ်ကြည် ကြည်ထွန်းတို့သည် ညောင်လေးပင်မြို့ပေါ်ရှိ အစားအသောက် ရောင်းချသောဆိုင်များသို့ သွား ရောက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ဆိုင်လုပ်ငန်းရှင်များအား အစားအသောက် ရောင်းချသော လုပ်ငန်းဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်မှုသည် အရေးကြီး ကြောင်း၊ အသား၊ ငါး၊ အသီးအနှံများကို ကိုင်တွယ်၊ လှီးချွတ်၊ ချက်ပြုတ်ရာတွင်လည်း စားသုံးသူများ ၏ ကျန်းမာရေးအတွက် သေသေချာချာ ချက်ပြုတ်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ချက်ပြုတ်သည့် မီးဖို ဆောင်တွင်လည်း မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်လိုကြောင်း၊ အစားအသောက်များ ချက်ပြုတ်ရာတွင် ထွက်ရှိလာသော အညှော်နံ့များကို စနစ်တကျ ကိုင်တွယ်ရန်လိုကြောင်း၊ စားပြီး စားကြွင်းစားကျန်များ၊ အမှိုက်သရိုက်များအား ဘေးပတ်ဝန်းကျင်ကို မထိခိုက်စေရန်အတွက် စနစ် တကျ စွန့်ပစ်ရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးပြောကြားပြီး လုပ်ငန်းခွင်များအားလှည့်လည် ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
