Main menu

​​​​​​​တောင်ငူခရိုင်အတွင်းရှိ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် စီမံကိန်းလျာထားနွေစပါးဧက  (၁၉၂၇၁) ကျော်ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးထားပြီး ဖြစ်ပါသည်။ တောင်ငူမြို့ နယ်ရှိ တောင်သူဦးကြီးများသည် ရိက္ခာဖူလုံစေရေးအတွက် မိုးစပါး၊ မတ်ပဲ၊ နွေစပါးများကို အဓိက အားထား စိုက်ပျိုးကြသည်။ တောင်ငူမြို့နယ်ရှိ နွေစပါးစိုက်ပျိုးဧကများသည် သဘာဝပထဝီအနေ အထားအရ ပသိဆည်ရေ၊ ကရင်ချောင်းဆည်ရေ၊ ကမ်းနီဆည်ရေ၊ ခပေါင်းဆည်ရေ၊ စစ်တောင်းမြစ် ရေတင်များရှိခြင်းကြောင့် စိုက်ပျိုးရေးကိုများစွာ အထောက်အကူပြုနေပြီး ယခုနှစ်နွေစပါးစိုက် ပျိုးရာသီတွင် စိုက်ပျိုးရေး အပြည့်အဝရရှိခြင်းနှင့် တောင်သူများစနစ်တကျ ပြုစုပျိုးထောင်ခြင်း တို့ကြောင့် ဒေသတွင်းရှိ နွေစပါးစိုက်ခင်းများ သိသိသာသာအောင်မြင် ဖြစ်ထွန်းနေကြောင်း တွေ့မြင်ရသည်။

           စပါးမျိုး တောင်ငူခရိုင်အတွင်းရှိ တောင်သူဦးကြီးများအနေဖြင့် အောင်နိုင်တိုး၊ ရေဆင်းပေါ် ဆန်း (၂)နှံကောက်၊ ဆင်းသုခ၊ ရက် ၉၀ စပါးများကို အများဆုံး စိုက်ပျိုးထားကြပါသည်။

             စိုက်ပျိုးရေးနှင့် သွင်းအားစု    ယခုနှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ စိုက်ပျိုးရေးကို အချိန်မီလွှတ်ဝေပေးနိုင်ခဲ့သည့်အပြင်၊ ဒေသခံတောင်သူများကလည်း ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာများကို အချိုးကျ စနစ်တကျ အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် နွေစပါးပင်များမှာ သန်စွမ်းပြီး အပင်ပွားနှုန်း ကောင်းမွန်ကာ ရောဂါပိုးမွှားကျရောက်မှုလည်း ကင်းစင်လျက်ရှိကြောင်းလည်းတွေ့မြင်ရသည်။

          နည်းပညာပေးလုပ်ငန်းများ    စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကလည်း “စံပြကွက်” များ ဖော်ဆောင်၍ တောင်သူများထံသို့ မျိုးကောင်းမျိုးသန့်ရွေးချယ်ပုံ၊ ပျိုးထောင်ပုံနှင့် ပိုးမွှားကာ ကွယ်ရေး နည်းလမ်းများကို ကွင်းဆင်းအသိပညာပေးခဲ့ကြသည်။

          အကျိုးအမြတ်နှင့်မျှော်လင့်ချက် ယခုနှစ်တွင် ရာသီဥတု ကောင်းမွန်ခြင်း၊ ဆည်ရေများ အချိန်မီရ ခြင်းတို့ကြောင့် နွေစပါးခင်းများမှ အစိမ်းနုရောင်မှသည် ရွှေဝါရောင်သန်းရန် ပြင်ဆင်နေပြီး မကြာမီ ရိတ်သိမ်းတော့မည်ဖြစ်သည်။ “ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ” ဆောင်ပုဒ်နှင့်အညီ နွေစပါးစိုက် တောင်သူကြီးများ အပိုဝင်ငွေတိုးကာ ရွှေသီးတော့မည်ဖြစ်သည်။

DOCA(ပဲခူး)