
စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၏ကြီးကြပ်မှုဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်မြေစာရင်းဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း(၃)ဦးတို့ ပူးပေါင်း၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၃.၃.၂၀၂၆)ရက်နေ့ နံနက်(၀၇း၀၀)နာရီအချိန်မှစ၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်း ပင်စင်စားများအား စားအုန်းဆီများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူးလျှင် (ဘူးခွံအပါ) ၄၀၀၀/-ကျပ်ဖြင့် ဗူး ၄၀၀၊ ရောင်းချခဲ့ပြီး ခရိုင်မြေစာရင်းဌာနနှင့် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ပင်စင်လစာလာထုတ်သည့် အငြိမ်းစားပင်စင်စားများအား ဆန်ပြုတ်အဟာရများ ကုသိုလ်ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
