
စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်စေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို မှန်ကန်စွာရွေးချယ်သုံးစွဲတတ်စေရေး ရည်ရွယ်၍ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ တွင် မအူပင်မြို့နယ် မအူပင်တက္ကသိုလ်၌ စားသုံးသူအသိပညာပေးဟောပြောပွဲကို မိတ်ဖက်အဖွဲ့ အစည်းများ ဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ FDA တို့ နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ဇော်ဦး ဦးစီးအရာရှိက နေစားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူများ၏ အခြေခံအခွင့်အရေးနှင့် တာဝန်များကို ရှင်းလင်းခြင်း၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်း မပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း (သို့)ဝန်ဆောင်မှုများ ဝယ်ယူရာ တွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြား နိုင်ပါကြောင်း၊ MPT၊ Atom၊ Mytel ဆင်းကဒ် များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ခဲ့ပြီး ကြောင်း တက်ရောက်သူ တက္ကသိုယ်ကျောင်းသား၊ ကျောင်းသူများမှလည်း သိရှိလိုသည်များ မေးမြန်းမှု ကို ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၂၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၃၉၀) ဦး စုစုပေါင်း (၄၁၅) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
DOCA(ဧရာဝတီ)
