
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် စားအုန်းဆီ ရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များအား နတ်တလင်းမြို့နယ် မြို့နယ်တာဝန်ခံရုံး စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနတို့ ပူးပေါင်း၍ မတ်လ တတိယပတ်တွင် ကွင်းဆင်းစစ်ဆေး ဈေးကွက်စောင့်ကြည့်မှု ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအဖွဲ့မှ စစ်ဆေးခဲ့ရာတွင် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလည်းမှုနှင့် အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး စားအုန်းဆီအရောင်းဆိုင်များအား စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမည့် ဒေသအရောက် ဈေးနှုန်းရောင်းချရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့် အညီ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်ချခြင်းများ မပြုလုပ်စေရေး၊ ပြည်သူ့လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစေရေး၊ အခြားမသမာသော နည်းလမ်းများဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများ မရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
