
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံး စွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ၂၀၂၆ခုနှစ်၊ မတ်(၁)ရက်မှ(၁၃)ရက်အတွင်း၌ ပြည်ခရိုင်ရှိ ပြည်မြို့နယ်တွင် ရွှေဘုန်းပွင့် ဘုရားလမ်း၊ ကျောင်းအိုးတန်းရပ်ကွက်ရှိ ဒေါ်ရီရီမြင့်ပိုင်ဆိုင်သော “နေလ"စိုက်ပျိုးရေးဆေးဆိုင်သို့လည်းကောင်း၊ စက်မှုဇုန်(၁)၊ နဝေးဒေးရပ်ကွက်ရှိ ဦးတင်မောင်လွင် ပိုင်ဆိုင်သော “GMG” သောက်ရေသန့် လုပ်ငန်းသို့လည်းကောင်း၊ နဝေးဒေးစက်မှုဇုန်၊ ဘုရင့်နောင် လမ်းမကြီးရှိ ဦးကျော်သီဟ ပိုင်ဆိုင်သော “ရွှေကျေး” ငရုတ်သီးမှုန့် လုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ် တွင်ကြာနီကန်ရပ်ကွက်၊ ကင်ပွန်းခြုံလမ်းရှိ ဒေါ်ခင်ဝင်းမာ ပိုင်ဆိုင်သော “လင်းရောင်ခြည်”ယိုစုံ လုပ်ငန်းသို့လည်းကောင်း၊ စံပြရပ်ကွက်၊ ယုဇနလမ်းရှိ ဦးမျိုးမင်းနိုင် ပိုင်ဆိုင်သော “ကံကော်အောင်” ရှောက်တောင့်လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းဈေးအတွင်းရှိ ဒေါ်နုနုဝေ ပိုင်ဆိုင်သော ဆန်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဒေါ်နီမာအောင် ပိုင်ဆိုင်သော ဆန်ရောင်းဝယ်ရေး လုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာ အုပ်စုရှိ ဦးအောင်နိုင်ဦးပိုင်ဆိုင်သော “ဒေါ်လာ” မြွေနဂါးကြံမွလုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာ ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
