Main menu

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုအလိုက် ဆီစာအုပ်များထုတ်ဝေပေး

Powered by Drupal

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးဌာန၊မန္တလေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀-၇-၂၀၂၆ ရက်နေ့မှ စတင်၍ အိမ်ထောင်စုအလိုက် ဆီစာအုပ်များထုတ်ဝေပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင်စားသုံးသူပြည်သူများသက်သာချောင်ချိရေးအတွက်တစ်အိမ်ထောင်စုလျှင်  တစ်လ စားအုန်းဆီ (၂.၅၀) ပိဿာနှုန်းကို နိုင်ငံတောင်၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံများ၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းနေထိုင် သူများကို အိမ်ထောင်စုမိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် ဖုန်းနံပါတ်တို့ဖြင့်လည်းကောင်း၊အခြားတိုင်း/ မြို့နယ်မှပြောင်းရွှေ့နေထိုင်သူများကို အိမ်ထောင်စုမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ ဧည့်စာရင်း၊ ဖုန်းနံပါတ် နှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များဖြင့် ဆီစာအုပ်များကို စနစ်တကျ ထုတ်ဝေပေးလျက်ရှိပါသည်။ ဆီစာအုပ်ထုတ်ဝေပေးရာတွင် ၅-၁၀-၂၀၂၆ ရက်နေ့ထိ အိမ်ထောင်စု စုစုပေါင်း(၁၄၉၇၄၁၉)ဦးရှိသည့်အနက် စိစစ်ပြီးစီးမှုမှာ (၁၀၇၃၉၃)ဦးရှိပြီး ၂၀၂၆ခုနှစ်၊ အောက်တိုဘာ(၃၁)ရက်နေ့ထိဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)