Main menu

ဈေးကွက်စောင့်ကြည့်‌စစ်ဆေးမှု ဆောင်ရွက်ခြင်း

Powered by Drupal

       ၂၀၂၆ခုနှစ်၊ မတ်လ ၁၇  ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)  ဦးဆောင်၍ ဝန်ထမ်း များသည် ဆန်ဈေးနှုန်းဈေးကွက်များတည်ငြိမ်ရေးအတွက် လယ်ဝေးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ယခုကာလတွင် အရည်အသွေးမြင့်ပေါ်ဆန်းမွှေးဆန်ဈေးနှုန်းများ သိသာစွာမြင့်တက်လာပြီး အလယ်အလတ်နှင့် သာမန်ဆန်များပါ တဖြည်းဖြည်းဈေးနှုန်းမြင့်တက်နေသောကြောင့် စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ဈေးကစားမှုများမဖြစ်ပေါ်စေရန်နှင့် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအနေဖြင့် ဈေးမြှင့်တင်ခြင်းများမပြုလုပ်ရန် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)