Main menu

တောင်ငူမြို့နယ်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော ကုမ္ပဏီအားမြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

           မြန်မာနိုင်ငံသည် ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်ပသို့တင်ပို့သည့်အပြင် ပြည်တွင်း၌လိုအပ်သော ကုန်ပစ္စည်းများအား တင်သွင်းလျက်ရှိပြီး ကုန်ပစ္စည်းများအား တင်ပို့ခြင်း၊ တင်သွင်းခြင်းများဆောင်ရွက်ရန်အတွက် ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများပေါ်ပေါက်လာပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်/ သွင်းကုန် လိုင်စင်များထုတ်ပေးခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ်လျှောက်ထားလာသော ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လျှောက်ထားသည့်ကုမ္ပဏီများအား စိစစ်မည့်ပုံစံတွင် ပါရှိသည့်အချက်အလက်များအတိုင်း မှန်ကန်မှုရှိ/ မရှိ စစ်ဆေးလျက်ရှိပါသည်။

           (၁၀.၃.၂၀၂၆) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်၍ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ၊ ဦးနေစိုးထက်၊ ဒု-ဦးစီးမှူးတို့သည် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော MYAT PANN THA ZIN CO.,LTD သို့ သွားရောက်၍ ဒါရိုက်တာအဖွဲ့ဝင်များနေထိုင်သည့် အဆောက်အဦအမျိုးအစား၊ ဒါရိုက်တာ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုအခြေအနေ၊ ဒါရိုက်တာများ ယခင်ကုမ္ပဏီတည်ထောင်ခဲ့ခြင်းရှိ/မရှိ၊ လျှောက်ထားသည့်လုပ်ငန်းနှင့် မြေပြင်တွင်ဆောင်ရွက်သည့်လုပ်ငန်းအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု ပမာဏနှင့် ပတ်ဝန်းကျင်အနေအထားတို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုမ္ပဏီအားဒါရိုက်တာ အဖွဲ့ဝင် (၇)ဦးဖြင့် လည်ပတ်လျက်ရှိပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)