
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနလပွတ္တာခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၇.၃.၂၀၂၆)ရက်နေ့နံနက်(၁၀:၀၀)နာရီက အမှတ်(၅)ရပ်ကွက် (၁၃)လမ်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ််အသား ဖော်ပြချက်ကိုက်ညီမှုရှိ/မရှိနယ်မြေ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ အမှတ်(၅)ရပ်ကွက်(၁၃) လမ်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော OneTea နို့ဆီ၊Aromaကိတ်မုန့်များတွင် ကုန်အညွှန်းဖော်ပြချက်ပြည်စုံမှုရှိ/ မရှိ စစ်ဆေးရာတွင် ပြည့်စုံမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ မြို့နယ်တာဝန်ခံမှ မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ ဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ ဌာနမှလည်းဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဥပဒေညွှန်ကြားချက်များအားလိုက်နာ ဆောင်ရွက်မှုမရှိပါကထုတ်ပြန်ထားသော ဥပဒေများအတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
