Main menu

ရေတာရှည်မြို့နယ်တွင် နွေစပါးလျာထားစိုက်ဧကများစိုက်ပျိုးပြီးစီး

Powered by Drupal

               ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးမှုအနေဖြင့် ဧရာဝတီတိုင်းပြီးလျှင် ဒုတိယနေရာ၌ရှိနေပါသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရှိ မြို့နယ်များတွင် မိုးစပါး၊ နွေစပါး နှင့်မတ်ပဲအား အဓိကစိုက်ပျိုးလျက်ရှိပါသည်။ တောင်ငူခရိုင်ရှိ မြိုနယ်များအနက် ရေတာရှည် မြို့နယ်တွင် နွေစပါးစိုက်ပျိုးဧက (၁၉၄၄၀)ဧကလျာထားပြီး ဖေဖော်ဝါရီလ နောက်ဆုံး အပတ်တွင် (၁၆၇၈၈)ဧက စိုက်ပျိုးပြီးစီးသွားကြောင်းသိရှိရသည်။ယခုမတ်လ (ပထမ)အပတ်တွင် နွေစပါး လျာထားဧက (၁၉၄၄၀)ဧကမှာ အားလုံးစိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာနစာရင်း ဇယားများအရ သိရှိရပါသည်။

          ရေတာရှည်မြို့နယ်တွင် နွေစပါးမျိုးများအနေဖြင့် နှံကောက်၊ ရက်(၉၀)နှင့်ရတနာတိုးတို့ အား အဓိကစိုက်ပျိုးကြသော်လည်း နှံကောက်အမျိုးအစားမှာ စိုက်ပျိုးမှုအများဆုံးဖြစ်ကြောင်း သိရှိ ရသည်။ ရေတာရှည်မြို့နယ်ရှိနွေစပါးများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းစေရန် အတွက် ဆွာဆည်မှရေများ လုံလောက်စွာပေးဝေလျက်ရှိပါသည်။ နွေစပါးမှာ မိုးစပါးထက် အထွက်နှုန်းကောင်းမွန်သောကြောင့် တစ်ဧကအထွက်နှုန်းကောင်းမွန်ရေး ရေတာရှည်မြို့နယ် တောင်သူဦးကြီးများမှ မျှော်မှန်းလျက်ရှိကြောင်း လေ့လာသိရှိရသည်။

DOCA( ပဲခူး)