Main menu

ဆောင်းသီးနှံဖြစ်သည့် ပဲတီစိမ်းရိတ်သိမ်းမှုနှင့် တွက်ခြေကိုက်မှု/တောင်သူအကျိူးအမြတ်

Powered by Drupal

                   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆောင်သီးနှံဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲနှင့် အခြားပဲမျိုးစုံ စိုက်ပျိုးလျှက်ရှိသည်။ ဒေသမြေအနေအထားအရ ပဲတီစိမ်းနှင့် မတ်ပဲ တို့ကိုသာ အဓိကထား စိုက်ပျိုးကြပြီး ပဲတီစိမ်း ၂၇၆၉၂ဧကနှင့် မတ်ပဲ ၁၉၇၀၄ဧက စိုက်ပျိုးမှု့တွင် ပဲတီစိမ်းအား ပိုမိုစိုက်ပျိုးကြသည်။  ပဲတီစိမ်းသီးနှံအား နိုဝင်ဘာလ တတိယအပတ်တွင် စတင် စိုက်ပျိုးကြပြီး မျိုးအဖြစ် ရေဆင်း ၁၄ နှင့် ဝါးခယ်မ မျိုးများစိုက်ပျိုးကြသည်။  ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ ရိတ်သိမ်းရပြီး မတ်လ ပထမအပတ်အထိ ၂၆၅၈၇ ဧက ရိတ်သိမ်းပြီးဖြစ်ပြီး ပျမ်းမျှအထွက်နှုန်းမှာ ၁၉.၉၀ဖြစ်ကြောင်း သိရသည်။

                သွင်းအားစုကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် ထယ်ထိုးတန်းပြင် စက်ခ (၃စပ်) ၁၂၀၀၀၀ကျပ်၊ မျိုးပဲကြဲခ ၅၀၀၀ကျပ်၊ သီးပွင့်ဆေး၊ မှိုဆေး (၂၅၀၀၀၀)ကျပ်၊ ဆေးပတ်ခ (၇)ကြိမ် (၇၀၀၀၀)ကျပ်၊ နုတ်ခ (၁)ဧကလျှင် ၁၃၅၀၀၀ကျပ်၊ စက်ခြွေခနှင့်ပဲသယ်ခ ၁တင်းလျှင်၅၀၀၀ကျပ်၊ တစ်ဧကလျှင် ပျမ်းမျှ ၂၀တင်း ထွက်ရှိပြီး မျိုးပဲ၁တင်းလျှင်၂၀၀၀၀၀ကျပ်ဝယ်ယူရပြီး စုစုပေါင်းကုန်ကျစရိတ်မှာ၉၇၀၀၀၀ကျပ် ရှိပြီး (၁)ဧကလျှင် တင်း(၂၀)ခန့်ထွက်ရှိသော တောင်သူများအတွက် ယခုမတ်လ ပထမအပတ် ပေါက်စျေးအရ (၁)တင်းလျှင် ၁၁၆၀၀၀ကျပ်ဖြစ်ပြီး တင်း(၂၀)လျှင် ၂၃၂၀၀၀၀ကျပ် ဖြစ်ပြီး (၁)ဧကလျှင် အကျိူးအမြတ်ရရှိငွေ မှာ ၁၃၅၀၀၀၀ကျပ် ဖြစ်သည်။ သို့သော်ပဲတီစိမ်းစိုက်တောင်သူအချို့မှာ စိုက်ပျိုးချိန် နိုဝင်ဘာလ ဒုတိယအပတ်တွင် မုန်းတိုင်းဖြစ်ပေါ်မှုကြောင့် ဒေသအလိုက် မိုးရွာသွန်းမှု များရှိခဲ့ရာ ပဲဦးစိုက်တောင်သူ ၃ပုံ၁ပုံမှာ စိုက်ခင်းများပျက်စီးခြင်း၊ မျိုးပဲများဆုံးရှုံး၍ အပင်ပေါက် နည်းခြင်း ၊ စိုက်ခင်းပြန်လည် ပြုပြင် ရန်အခက်အခဲများရှိသဖြင့် ၁ဧကလျှင်အထွက်နှုန်းမှာ ၆တင်းနှင့် (၁၂)တင်း ဝန်းကျင်သာရရှိသဖြင့် တောင်သူများအနေဖြင့် ဆုံးရှုံးမှုနှင့် အမြတ်နည်းမှုများ ဖြစ်ပေါ်လျှက် ရှိသည်။ရိတ်သိမ်းချိန်ဒီဇင်ဘာလပထမအပတ်တွင်မုန်းတိုင်းကြောင့်မိုးရွားသွန်းမှုများရှိခဲ့ရာပျက်စီးဆုံးရှုံးမှုမရှိပဲအထွက်နှုန်းအလိုက်အကျိုးအ မြတ် ရရှိကြောင်းသိရပါသည်။

DOCA( ပဲခူး)