Main menu

ညောင်ဦးမြို့တွင် စက်သုံးဆီဆိုင်များ ပုံမှန်လည်ပတ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရေး အစည်းအဝေးကျင်းပ

Powered by Drupal

                မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအ ရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့်မီးဘေးအန္တရာယ် ကင်းဝေးစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၇ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်က ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌရုံးခန်းတွင်ကျင်းပရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)တက်ရောက်ခဲ့ပါသည်။

          အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးဝင်းလှိုင်တင့် က စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီဆိုင်များပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့်စက်သုံးဆီချွေတာသုံးစွဲနိုင်ရေး၊မီးဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းချနိုင်ရေးတို့အား အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် စက်သုံးဆီလုပ်ငန်းရှင် များမှ စက်သုံးဆီရောင်းချခြင်းလုပ်ငန်းများ၊ ဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိမှုတို့အား အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ စက်သုံးဆီလုပ်ငန်းရှင်များ စုစုပေါင်း(၃၀)ဦးတက်ရောက် ခဲ့ကြောင်းသိရသည်။

Doca(မန္တလေး)