
စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချစေရေးတို့အတွက် ဈေးကွက်များအတွင်းရှိကုန်စည်များကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် အတူ စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။ ၂၀၂၆ခုနှစ် မတ်လ ၅ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်သည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် အတူ မြို့မဈေးရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် ကုန်စည်များတွင် ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ခြင်းများရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး၊ ရောင်းချသူလုပ်ငန်းရှင်များမှလည်း သက်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်းနှင့် သတ်တမ်းလွန်ကုန်စည်များကိုဖယ်ရှာ၍ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ထုတ်လုပ်သူ၊ ရောင်းချသူများမှလည်း မှန်ကန်သောရောင်းဝယ်မှုများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းဝယ်လာခြင်းဖြင့် တရားမဝင် ကုန်စည်များ၊ စားသုံးရန်/သုံးစွဲရန်မသင့်သည့်ကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားမည်ဖြစ်ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ခြင်း၊ သုံးစွဲနိုင်ခြင်းများ ဖြစ်ပေါ်လာစေရေး စားသုံးသူများ စိတ်ကျေနပ်မှုရရှိစေပြီး ဥပဒေများနှင့်အညီလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသတွင်းစားသုံးကုန် ဘေးအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
