Main menu

ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်တံဆိပ်များ ပေးအပ်ခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် (၄.၃.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် ပခုက္ကူမြို့၊ ခရိုင်ဦးစီးမှူးရုံး၌ ကုန်အညွှန်းအမှတ် အသားစိစစ်ခွင့်ပြုချက်ရရှိသည့် စီးပွားရေးလုပ်ငန်းရှင်()ဦးနှင့် အွန်လိုင်းလုပ်ငန်းရှင်()ဦးအားတွေ့ ဆုံ၍ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ပေးအပ်ခြင်းနှင့် အွန်လိုင်း မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆွေးနွေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးရာတွင် ခရိုင် ဦးစီးမှူးက လုပ်ငန်းရှင်များအား မိမိတို့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပြည့်စုံစွာ ဖော်ပြထားရှိရန် လိုအပ်ကြောင်း၊ ပြည့်စုံစွာ ဖော်ပြထား ခြင်းမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မခွဲ()နှင့်()သည် မြန်မာဘာ သာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည် များကို သာရောင်းချရန်နှင့် ယခုပေးအပ်သော ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်များသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အလွန်အရေးပါပြီး ကုန်စည်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖြစ်ပေါ် လာပါက အကာအကွယ်ရရှိထားပြီးဖြစ် ကြောင်း၊ မိမိတို့ဘက်မှလည်း ခွင့်ပြုချက်ရရှိပြီးသားအတိုင်း ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာဖော်ပြ၍ ဈေးကွက်တွင် ရောင်းချရန် လိုအပ်ကြောင်း၊ ဈေးကွက် တွင် ပြည့်စုံစွာဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိပါက စိစစ်ခွင့်ပြုချက်များအား ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင် ရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချပြီး မှတ်ပုံတင်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံ တင်ရန်အတွက်  လိုအပ်သည့် အချက်အလက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)