Main menu

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်မားဖို့  Thursday Talk အသိပညာပေး အထောက်အကူပြုသင်တန်း ဆောင်ရွက်ကြစို့

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ CICC ခန်းမ၌ (၂၆.၂.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဌာနတွင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့် တင်ရေး၊ အသိပညာပြန့်ပွားရေးနှင့် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှုတို့ကို  မြှင့်မားစေရန်ရည်ရွယ်၍ (၂/၂၀၂၆)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၆)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မူဝါဒ(ပြည်တွင်း)တာဝန်ခံ ဦးစီးမှူး ဒေါ်စန်းမြင့်ရီက ဝန်ထမ်းများအား မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်များအကြောင်း သိရှိနိုင်စေရန် ရည်ရွယ်၍ စီးပွား ရေးဇုန်များ၏ တည်နေရာနှင့် ရည်ရွယ်ချက်များ၊ ထုတ်လုပ်သော ပစ္စည်းများ၊ ရင်းနှီးမြုပ်နှံထားသော နိုင်ငံများ၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ပါဝင်သောဇုန်များနှင့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်နိုင်သည့် လုပ်ငန်းများ၊ မြန်မာနိုင်ငံရှိ ထင်ရှားသော ဆိပ်ကမ်းများနှင့် ရေနက်ဆိပ်ကမ်းများ၊ နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန်များနှင့် နို်ငငံတကာစီးပွားရေးအဖွဲ့အစည်းများ အကြောင်းအား ရှင်းလင်းဆွေးနွေး ခဲ့ပြီး၊ ဆက်လက်၍ သတင်းအချက် အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်က ဝန်ထမ်းများအနေဖြင့် Commerce  ဂျာနယ်နှင့် Website တွင် အရည် အသွေးပြည့်မီ ကျစ်လစ်သော သတင်း/ဆောင်းပါး ကောင်းတစ်ပုဒ်ဖြစ်စေရန် ရည်ရွယ်၍ သတင်းနှင့် ဆောင်းပါးရေးသားရာတွင် သတိပြုရမည့် အခြေခံအချက်များ သိရှိစေရန်နှင့်  အသိပညာပေးဟော ပြောပွဲများ၊ ကွင်းဆင်းစစ်ဆေးခြင်းများ၊ ကုန်ဈေးနှုန်း/ကုန်သွယ်မှုတို့နှင့် ပတ်သက်သည့်  သတင်းများ၊ ဆောင်းပါးများ ရေးသားရာတွင် ကဏ္ဍတစ်ခုချင်းအလိုက် ပါဝင်ရမည့် အချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)