
ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးမှုအနေဖြင့် ဧရာဝတီတိုင်းပြီးလျှင် ဒုတိယ နေရာ၌ ရှိနေပါသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရှိ မြို့နယ်များတွင် မိုးစပါး၊ နွေစပါးနှင့် မတ်ပဲ အား အဓိကစိုက်ပျိုးလျှက်ရှိပါသည်။ တောင်ငူခရိုင်ရှိ မြို့နယ်များအနက် ရေတာရှည်မြို့နယ်တွင် နွေစပါး စိုက်ပျိုးဧက (၁၉၄၄၀) ဧက လျာထားပြီး (၁၆၇၈၈) ဧက မှာ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါသည်။
ရေတာရှည်မြို့နယ်တွင် စိုက်ပျိုးထားသော နွေစပါး မျိုးများ အနေဖြင့် နှံကောက်၊ ရက် (၉၀) နှင့် ရတနာတိုး တို့အား အဓိကစိုက်ပျိုးကြသော်လည်း နှံကောက်အမျိုးအစားမှာ စိုက်ပျိုးမှု အများဆုံး ဖြစ်ကြောင်း သိရှိရပါသည်။ ရေတာရှည်မြို့နယ်ရှိ နွေစပါးများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းစေရန်အတွက် ဆွာဆည်မှ ရေများလုံလောက်စွာ ပေးဝေလျှက်ရှိပါသည်။ နွေစပါးမှာ မိုးစပါးထက် အထွက်နှုန်း ကောင်းမွန်ကြောင်း ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များအရလေ့လာသိရှိ ရပါသည်။
DOCA(ပဲခူး)
