Main menu

ဓနုဖြူမြို့နယ်ဈေး၊ ဈေးတန်းများတွင် ရောင်းချနေသော ကုန်စည်အချို့အား ရှောင်တခင်စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်  ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့  နံနက်(၀၈:၀၀)နာရီအချိန်တွင် အကျော်တာလေးဈေး၊ ၅ရပ်ကွက်ဈေး ၌ ရောင်းချလျက်ရှိသော ကုန်စည်များအား၊ နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နမူနာဝယ်ယူစစ်ဆေးခဲ့သော မုန့်ဟင်းခါးဖတ်၊ ဆန်ကြာဇံ၊ လက်ဖက်၊ မျှစ်၊ ပဲပြား၊ ပဲသွေး၊ ငပိ ငရုတ်မှုန့် တို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများသုံးစွဲထားခြင်းရှိ/ မရှိ  Mobile Lab Van ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောင်းချသောကုန်စည်များတွင် ခွင့်မပြုတာရှည်ခံဆေးနှင့် ချွတ်ဆေးများ သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ငရုတ်သီးခြောက်နှင့် ငရုတ်မှုရောင်းချသူများကို ဈေးကွက်အတွင်းရောင်းချရာတွင် သေချာထုတ်ပိုး သိမ်းဆည်း၍ ရောင်းချရန်၊ အာဖလာတောက်စင်မှို မကပ်ညှိစေရေး ထုတ်ပိုးမှုစနစ်ကောင်းမွန်စွာ ရောင်းချရန်မှာကြားပြီး ခွင့်မပြုတားမြစ်ပစ္စည်းများ သုံးစွဲရောင်းချကြောင်း စစ်ဆေးတွေ့ရှိပါက ထုတ်လုပ်သူ လုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)