Main menu

စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၏ (၁၀/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

            ၆.၁၀.၂၀၂၆ ရက်နေ့ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ( ၁၀/၂၀၂၆ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးဦးစီးမှူး၊ဒု-တိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနခွဲ တာဝန်ခံများ၊အရာထမ်းများမှ Inperson ဖြင့် တက်ရောက်ပြီး  ကျောက်ဆည်ခရိုင်၊မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးများနှင့် ခရိုင်တာဝန်ခံများ၊ အရာထမ်းများမှ Virtual  စနစ် ဖြင့်တက်ရောက်ကြပါသည်။

              တိုင်းဒေသကြီးဦးစီးမှူးမှ အချက်(၄)ချက်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး  စီမံရေးရာ ဌာနခွဲမှ ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ခရိုင် ဦးစီးမှူးများ၊ခရိုင်တာဝန်ခံများနှင့် တိုင်းဦးစီးမှူးရုံးရှိ ဌာနခွဲတာဝန်ခံများမှ လအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးကြပါသည်။ဒု-တိုင်းဒေသကြီးဦးစီးမှူးမှ  ဖြည့်စွက်၍ သက်ဆိုင်ရာဌာနခွဲများနှင့် ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ရာတွင် တက္ကသိုလ်၊ ကောလိပ်များသို့ ပိုမိုဆောင်ရွက်သွားရန်၊ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများအားကျောင်းမုန့်ဈေးတန်းများတွင် ပိုမိုစစ်ဆေးသွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားပါသည်။

                     တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အနေဖြင့်  ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စာဖြင့် သာ အကြောင်းကြားရန်၊တင်ပြသည့်ကိစ္စရပ်တိုင်း သက်ဆိုင်ရာသို့ မိတ္တူပေးရန်၊ကိစ္စတစ်ခုတိုင်း တွင် လုပ်နိုင်သော အနေအထားအထိ ကုန်အောင်စေတနာထား ဆောင်ရွက်ရန်၊ အချိန်နှင့်တပြေးညီသတင်းပေးပို့တင်ပြဆောင်ရွက်သွားရန်နှင့်သက်ဆိုင်ရာခရိုင်ရုံးများနှင့်ဌာနခွဲများအလိုက်လိုအပ်သည်များမှာကြားခဲ့ပြီးအစည်းအ ဝေးအား  (၁၁:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)