Main menu

တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

           မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ FDA မှတားမြစ်ထားသော ဆေးဝါးရောင်းချခြင်းများ ရှိ/မရှိကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးထုတ်လုပ်သော ကုန်စည်များကို မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ကြေငြာထားပြီး ဈေးကွက်အတွင်း မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်ထားခြင်းမရှိသော ဆေးဝါးများကို ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး အကြောအားဆေးများကို အစားသောက်နှင့် ဆေးဝါးကွပ်ကဲ ဦးစီးဌာန(FDA)၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိပါကြောင်းနှင့် ယခုအခါ ဈေးကွက်အတွင်း အဆိုပါဆေးနှင့် Composition & Strength တူ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသော Parbisureအမည်ဖြင့်ဆေးအား မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် တင်သွင်းရောင်းချခြင်း ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့နယ်ဈေးကွက်အတွင်း ရောင်းချမှုမရှိကြောင်းတွေ့ရှိရပြီး အဆိုပါဆေးအား ရောင်းချပါက  တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)