Main menu

သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆိုင်ရာ Talk Show ပြုလုပ်ခြင်း

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်မြတ်မြတ်စိုးသည်(၁၈.၂.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။ Talk Show တွင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၏ ရည်ရွယ်ချက် (၃) ရပ်ဖြစ်သည့် စားသုံးသူများကိုကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် မျှတသောယှဉ်ပြိုင်မှု့ ဖြစ်ပေါ်စေခြင်း၊ ယုံကြည်စိတ်ချရသော စီးပွားရေးအကျင့်ကောင်းကို ဖန်တီးပေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၃) မျိုးဖြစ်သည့် စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှု့များ ဘေးအန္တရာယ်ကင်းရှင်းစေရေး စောင့်ကြည့်စစ်ဆေးခြင်း၊ တိုင်းကြားလာမှု့များအား စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု့ ရှိ/ မရှိ စောင့်ကြည့်းစစ်ဆေးခြင်းတို့အား အသိပညာပေးခဲ့ပြီး၊ ကုန်စည်စစ်ဆေးခြင်းအမျိုးအစား (၂) မျိုးဖြစ်သည့် မျက်မြင်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်းတို့ကိုလည်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)