
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးစိုးနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ ကျောင်းများ၊ စက်ရုံအလုပ်ရုံနှင့် လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို (၁၇.၂.၂၀၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် မီးသတ်ဆေးဘူးနှင့် ရေသိုလှောင်ထားမှု့နှင့် ဂိုဒေါင်များတွင် ပစ္စည်းသိုလှောင်ထားမှု့၊ လောင်စာဆီသိုလှောင်မှု့၊ လျှပ်စစ်သွယ်တန်းမှု့နှင့် လူနေအိမ်များတွင် စနတ်ဖြုတ်သည့်နေရာများ စစ်ဆေးခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုနည်းကို လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
