
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးဘောမ်ဇုံး(ရုံးအုပ်) နှင့်ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး)တို့သည် ၅-၃-၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်(၃)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁) ပုဒ်မ၂။ ပုဒ်မခွဲ(ဂ) အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့ အစည်းနှင့်သော်လည်းကောင်းဆောင်ရွက်သူကိုဆိုလိုကြောင်းနှင့် အခန်း(၁၀)ပုဒ်မ၂၁ အရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ် ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်းစသည့်အချက်များအကြောင်းနှင့် အခန်း(၁၄)ပုဒ်မ ၂၇ အရ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းနှင့် အီလက်ထရောနစ်အငွေ့ရှူစက်ဖြစ်သည့် ၊ အီလက်ထရောနစ် စီးကရက်ကဲသို့သော ပစ္စည်းများအကြောင်း ၊စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက် သင့်သည့် အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက် အကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
