
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) ဦးဆောင်၍ ဒေါ်စွဲ့ဇင်မာဖွေး(အကြီးတန်းစာရေး)တို့သည် (၅-၃-၂၀၂၆)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် မိုးညှင်းခရိုင် ဦးစီးမှူးရုံး၌ အလှဆင်မီးဆိုင်းအမျိုးမျိုး ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြောင်း၊ အခန်း(၁၀)ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူ ကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ အရည်အသွေးစမ်းသပ်ရန် လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေး ပေးခြင်း စသည့်အချက်များအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း၊ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာဖော်ပြရမည့် အချက် များအကြောင်း၊အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ကချင်)
