Main menu

မြိတ်မြို့၊ Market Gardenကုန်တိုက်ရှိ ဖြည့်စွက်စာအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မြိတ်မြို့၊ ကမ်းနားလမ်းရှိ Market Gardenကုန်တိုက်သို့ သွားရောက်၍ ဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပါရှိစေရန် စျေးကွက်စောင့် ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအနေဖြင့် ထုတ်ကုန်လုံ ခြုံစိတ်ချစေရန် မြန်မာဘာသာဖြင့် ဖြည့်စွက်စာအမျိုးမျိုးပေါ်တွင် အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ သုံးစွဲရန်အညွှန်း တို့ကိုဖော်ပြရမည်ဖြစ်ပြီး သက်ဆိုင်ဌာနထောက်ခံချက်ပါရှိသော စားသောက်ကုန်များ ရောင်းချရန် နှင့် ဘေးအန္တရာယ်ကင်းရှင်စေရေး ဦးစားပေးဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)