
တနင်္သာရီတိုင်းဒေသကြီးအတွင်း စျေးနှုန်းများတည်ငြိမ်စေရေးဆောင်ရွက်လျက်ရှိရာ မြိတ် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့များဖြင့် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါး အရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပါရှိစေရေးနှင့် ဆေးစျေးနှုန်းများ အဆမတန် မြင့်တက်ရောင်းချခြင်း မျိုးမရှိစေ ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် အိမ်သုံးဆေးဝါးများတွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ် အသားပါရှိစေရေး၊ ဆေးစျေးနှုန်းများအားစုံစမ်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိ စေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ တရားမဝင်ဆေးဝါးနှင့် သက်တမ်း လွန်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ် ဖောက်ကားခြင်းရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
