
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဓူဦးစီးမှူးသည် (၁၈.၂.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်အတွင်း ဆန်ဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ဒေသထွက် ဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခြင်း၊ ဆန်အမျိုးအစားအလိုက် ဈေးကွက်အတွင်းရောင်းချနေမှု ဈေးနှုန်းများကို သိရှိနိုင်ရန် သတ်မှတ်ရည်ညွှန်းဈေးကော်လွန်ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန် အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် ဆန်လက်ကျန် အခြေအနေ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဆန်ဆိုင်များမှာ ဆန်အိတ်လက်ကျန်စာရင်းများကို ကောက်ခံ၍ Myro တွင် ဖြည့်သွင်းဆောင်ရွက်ထားရှိမှုနှင့် ကိုက်ညီမှုရှိ/မရှိကိုလည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
