
(၅.၃.၂၀၂၆)ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံး၊ ချင်းတွင်းခန်းမ၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြို အထိမ်းအမှတ် အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကော်မတီ၏ဆောင်ရွက်မှုများရှင်းလင်းခြင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့် စားသုံးသူကာကွယ် ရေးဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့်ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၅၁)ဦး တက်ရောက်ခဲ့ကြ ပါသည်။
ထို့နောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip ပြသခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက " ဦးစားပေးမူ စားသုံးသူ" သီချင်း၊ “စောင့်ရှောက် ဝိုင်းကူ စားသုံးသူ " သီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် ဥာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်းခြင်းနှင့် ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ပြခန်းငယ်(၁)ခန်း၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ပြခန်းငယ်(၁)ခန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြခန်းငယ်(၁)ခန်းတို့ဖြင့် ခင်းကျင်းပြသခြင်း၊ စားသုံးသူအခွင့်အရေး ဗီနိုင်းပိုစတာများ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ နှစ်အလိုက်ဆောင်ပုဒ် ဗီနိုင်းပိုစတာ များ ချိတ်ဆွဲခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ နှစ်အလိုက်လုပ်ငန်း ဆောင်ရွက်မှုစာအုပ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ NewsLetter၊ ကော်မတီလက်စွဲ စာအုပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ စာအုပ်စာစောင်များ၊ အသိပညာပေးလက်ကမ်း စာစောင်များ ကို ခင်းကျင်းပြသခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများမှ စိတ်ဝင်တစားလေ့လာကြည့်ရှုကြပြီး ၎င်းတို့သိလိုသမျှ မေးမြန်းမှုများကို သက်ဆိုင်ရာ ပြခန်း တာဝန်ခံများက ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၂း၀၀)နာရီတွင် အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
