Main menu

ထားဝယ်မြို့နယ်၊ မေတ္တာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

         ဇန်နဝါရီ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အများပြည်သူ စားသုံး/သုံးစွဲရန် မသင့်သောအစားအသောက်များ၊ သုံးစွဲရန်မသင့်သော အလှကုန်များနှင့် ဘေးဥပဒ်အန္တရာယ်ဖြစ်စေ နိုင်သော ဆေးဝါးများ၊ သုံးစွဲရန်မသင့်ကြေငြာထားသော တရားမဝင်၊ လိုင်စင်မဲ့၊ သက်တမ်းကုန် ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် အများပြည်သူသုံးစွဲရန်မသင့်ကြော်ငြာထားသော ကုန်စည် များကို တွေ့ရှိမှုမရှိကြောင်းနှင့် ရောင်းချသူဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်း ချက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန