Main menu

ထားဝယ်မြို့သို့ ကြက်သွန်ဖြူဝင်ရောက်မှုနှင့် စျေးကွက်/ဈေးနှုန်းအခြေအနေ

Powered by Drupal

         တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက် သွန်ဖြူသည် လက်ရှိကာလတွင် အခြားတိုင်းဒေသကြီးများမှ အဓိကတင်သွင်း ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဝယ်လိုအားနှင့်အညီ ရောင်းဝယ်လျက်ရှိသည်။

          တနင်္သာရီတိုင်းဒေသကြီးတွင် ကြက်သွန်ဖြူများကို အများအားဖြင့် ရှမ်းပြည်နယ်၊ မန္တလေး တိုင်းဒေသကြီးနှင့် ပခုက္ကူဒေသများမှ ကားလမ်းကြောင်းဖြင့် တင်ပို့လာကြပြီး ထားဝယ်မြို့ရှိ စျေး များနှင့် ပွဲရုံများသို့ဖြန့်ချိရောင်းချလျက်ရှိသည်။ လက်ရှိအချိန်တွင် ထားဝယ်မြို့သို့ ကြက်သွန်ဖြူ ဝင် ရောက်မှုမှာ ပုံမှန်ရှိနေသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်နှင့် ကုန်ပစ္စည်းဝယ်လိုအားအပေါ် မူ တည်၍ ဈေးနှုန်းများမှာ အနည်းငယ်ပြောင်းလဲလျက်ရှိကြောင်းသိရပါသည်။ ထားဝယ်မြို့ ဈေးကွက် အတွင်း ၂၀၂၆ ခုနှစ်၊ မတ်လ ပထမအပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာလျှင် ကြူကုတ် ၁၄၀၀၀ ကျပ်၊ ရှမ်းစ ၁၂၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်ခြောက်ဆိုင်ပိုင်ရှင်များနှင့် စားသုံးသူများထံမှ သိရှိရပါသည်။

          ထို့အပြင် စားသုံးသူများအနေဖြင့် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်သွန်ဖြူကို နေ့စဉ် အသုံးပြုမှုများရှိနေသဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားမှာ ပုံမှန်ရှိနေပြီး ဈေးနှုန်းများမှာ အချို့ အချိန်များတွင် အနည်းငယ်အတက်အကျရှိနိုင်ကြောင်း သိရသည်။

DOCA(တနင်္သာရီ)