Main menu

ထားဝယ်မြို့သို့ ကြက်သွန်နီဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဈေးကွက်များသို့ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ကြက်သွန်နီများကို အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးမှ မိတ္ထီလာ၊ ကျောက်ဆည် မြစ်သား၊ မြင်းခြံ၊ ပခုက္ကူဒေသများမှ တင်သွင်းရောင်းချလျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေမှု၊ ထွက် ရှိမှုနှင့် ရာသီဥတုအပေါ်မူတည်၍ နေ့စဉ်ကားများဖြင့် ကြက်သွန်နီများ ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်ရောင်းဝယ်သူများထံမှ သိရသည်။ လက်ရှိ ထားဝယ်မြို့ ဈေးကွက်အတွင်း ကြက်သွန်နီ ဝင်ရောက်မှုမှာ ပုံမှန်အတိုင်းရှိနေသော်လည်း ဝယ်ယူစျေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ကြက် သွန်နီအမျိုးအစား၊ အရည်အသွေးနှင့် အရွယ်အစားအလိုက် စျေးနှုန်းများမှာ ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်းဈေးကွက်အနေဖြင့် ဝယ်လိုအားမှာ ပုံမှန်ရှိနေပြီး စားသုံးသူများအနေဖြင့် နေ့စဉ်အသုံးအဆောင်အဖြစ် မဖြစ်မနေလိုအပ်သော သီးနှံဖြစ်ပြီး စျေးနှုန်းအနေဖြင့် ထားဝယ်မြို့ ပေါ်ရှိ ကုန်စုံဆိုင်များတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ပထမအပတ်အတွင်း ရောင်းချနေသော လက်လီ စျေးနှုန်းမှာ တစ်ပိဿာ လျှင် ၂၅၀၀ ကျပ်မှ ကြက်သွန်အမျိုးအစားအပေါ်မူတည်၍ ၂၉၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်ရောင်းဝယ်သူများ၏ ပြောကြားချက်အရ လာမည့် ကာလတွင် ဝင်ရောက်မှု ပမာဏနှင့် သယ်ယူပို့ဆောင်ရေး အခြေအနေများအပေါ်မူတည်၍ ကြက် သွန်နီဈေးနှုန်းများ အတက်အကျ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)