Main menu

မုံရွာမြို့ပေါ်ရှိ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားသုံးဆီရောင်းချလျက်ရှိသော လက်လီကိုယ်စားလှယ်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                      ၂၀၂၆ ခုနှစ်၊  မတ်လ (၃) ရက်နေ့၊နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များ အားသတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်  စားသုံးဆီရောင်းချ လျက်ရှိသော လက်လီကိုယ်စားလှယ်များဖြင့် ဌာနမှထုတ်ပေးထားသော စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရပ်ကွက်၊ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထား သော ဈေးနှုန်းများဖြင့် အဆင်ပြေစွာရောင်းဝယ်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးပြီး လက်လီကိုယ်စား လှယ်များအနေဖြင့် စားသုံးဆီရောင်းချရာတွင် အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်း ထက်ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင်အိမ်ထောင်စုတစ်စုအား (၁ပိဿာ)နှုန်း၊ တစ်လတစ် ကြိမ်းခွဲပြီး တစ်ကြိမ်လျှင်(၁ပိဿာ)နှုန်းဖြင့် ရောင်းချပေးနိုင်ရန်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် အထက်ဌာနများ၏ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)