
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာ၊ တောက္ကရှပ် ကျေးရွာများတွင် ရာသီချိန်အလိုက် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးလျက်ရာ ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများစိုက်ပျိုးပြီး ကန့်ဘလူမြို့မဈေးတွင်ရောင်းချကာ မိသားစုဝင်ငွေ ရရှိနေ ကြောင်း သိရသည်။
ခရမ်းချဉ်သီး စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ ဓာတ်မြေဩဇာ၊ ဆေးဖျန်းခြင်း၊ စက်သုံး ဆီ၊ လုပ်သားခနှင့် အခြားစရိတ် စုစုပေါင်း ကျပ် ၂၃၀၀၀၀၀ခန့်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့် (၁)ဧကလျှင် ဗမာခရမ်းချဉ်သီး ၅၀၀၀-၈၀၀၀ ပိဿာခန့်ထွက်ရှိကြောင်း၊ (၁)ဧကလျှင် ထိုင်ဝမ် ခရမ်းချဉ်သီး ၈၀၀၀-၁၀၀၀၀ ပိဿာထွက်ရှိကြောင်း၊ မျိုး၊ မြေဆီလွှာနှင့် စိုက်ပျိုးမှုတို့အပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ပေါ်ချိန်ရောင်းဈေးမှာ ဗမာခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ် ၁၀၀၀-၁၂၀၀၊ ထိုင်ဝမ်ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ် ၁၃၀၀-၁၅၀၀ ဈေးနှုန်းတို့ဖြင့် ဖောက်သည်ပေးရကြောင်း၊ ခရမ်းချဉ်စိုက် တောင်သူအကျိုးအမြတ်အနေဖြင့် ကျပ် ၂၀၀၀၀၀၀ခန့် ရရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသောကြောင့် အခြားဒေသသို့ တင်ပို့နိုင်ခြင်း မရှိသော်လည်း ဒေသတွင်းစားသုံးမှုရှိသည့်အတွက် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိကာ မိသားစု အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)
