
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် ကျေးရွာများရှိ ဆန်စက်သို့နှင့် သိုလှောင်ရုံများ ဆန်/စပါးလက်ကျန်စာရင်းကောက်ယူခြင်းနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ပန်းတနော်မြို့နယ် ကျေးရွာများတွင် တည်ဆောက်ထားသည့် ဆန်စက်များနှင့် သိုလှောင်ရုံများမှ ဆန်စပါးကြိတ်ခွဲလည်ပတ်မှုကို ကြည်ရှုစစ်ဆေးခြင်း၊ ဖေဖော်ဝါရီလအတွက် ဆန်စက်၊ သိုလှောင်ရုံများမှ လဆန်း(၇)ရက်မှ ၁၀ရက်အတွင်း မြေပြင် လက်ကျန်အခြေအနေမှန်ကို MYRO တွင် ဖြည့်သွင်းဆောင်ရွက်ရန်နှင့် သိုလှောင်မှု အမှန်တကယ်အခြေအနေများကို စာရင်းကောက်ယူနိုင်ရန် စစ်ဆေးဆောင်ရွက်ခြင်း၊ စပါး၊ ဆန် ဈေးနှုန်း ဈေးကွက် အခြေအနေများနှင့် ထုတ်ပိုးမှု စနစ်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မှီစက် ကိရိယာ များ Gasifier, စပါးအခြောက်ခံစက်၊ ဆန်စက်ကီး၊ လတ်စာရင်းအတိုးလျော့ ဆန်စက်ဖျက်သိမ်းစက်များရှိ/မရှိကို အဖွဲ့စုံဖြင့် စိစစ်ခဲ့ကြပါသည်။ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/ မရှိ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
