Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲ ဓနုဖြူမြို့နယ်တွင် ပြုလုပ်

Powered by Drupal

        စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဉီးစီးမှူးရုံး၏ ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းရှင်များ အသိပညာပေးဟောပြောပွဲကို ၁၀-၂-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ဦးစီးမှူးရုံးတွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။

          အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဦးခိုင်လွမ်းမိုးတို့မှ ဟောပြောခဲ့ရာ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ဆိုင်၊ အလှကုန်ပစ္စည်းအရောင်းဆိုင်၊ ကုန်မျိုးစုံအရောင်းဆိုင်နှင့် ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ၂၀၁၉ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားတွင် ဖော်ပြခြင်းတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

        ထို့နောက် တက်ရောက်လာသူများထဲမှ ထုတ်လုပ်သူလုပ်ငန်းရှင်တစ်ဉီးက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ အရောင်းဆိုင်နှင့် ကုန်ပစ္စည်းထုတ်လုပ်သူ (၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)